Ticket Reservation မပြုလုပ်ခင် အောက်ပါအသေးစိတ်အချက်အလက်တွေကို သေချာစွာ ဖတ်ရှုပေးပါရန်။
၁။ တစ်ဦးလျှင် Ticket တစ်စောင်နှုန်းသာ ရရှိမည်။
•လူတစ်ယောက်ကို Email တစ်ခုတည်းနဲ့ ပွဲကျင်းပမယ့်ရက် (တစ်ရက်) အတွက် Ticket တစ်စောင်စီသာ ယူခွင့်ရှိမည်။
•Ticket ကို တခြားသူထံ လွှဲပြောင်းပေးလို့ မရပါ။ အကယ်၍ ပွဲမတက်ဖြစ်တော့ရင်ဖြစ်ဖြစ်၊ ပွဲနေ့ နေ့လယ် ၁:၀၀ နာရီ မတိုင်ခင်အထိ ရောက်မလာရင်ဖြစ်ဖြစ်၊ မိမိရဲ့ Ticket Booking သည် အလိုအလျောက် ပျက်ပြယ်သွားမှာဖြစ်ပြီး Walk-in လာတက်မယ့်သူတွေကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။
•Ticket တွေအားလုံးဟာ လုံးဝ (လုံးဝ) အခမဲ့ (FREE) ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ ရက်နဲ့ အချိန်မှာ လူတိုင်း တန်းတူညီတူ စာရင်းပေးသွင်းခွင့် ရရှိမှာပါ။
•စေတနာနဲ့ အခမဲ့ စီစဉ်ပေးထားတာဖြစ်လို့ Ticket တွေကို ပြန်လည်ရောင်းချပြီး အမြတ်ထုတ်တာမျိုး (မှောင်ခိုရောင်းတာမျိုး) ကို လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့နဲ့ ထိုသို့ ပြုလုပ်ခြင်းများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သတိပေးအပ်ပါတယ်။
၂။ ဦးသူစနစ် (First-Come, First-Served)
•၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ Ticket ယူဖို့ Website ထဲကို ဝင်တဲ့အခါ ဝင်ရောက်သူလူဦးရေ ပြည့်နေပါက System ကနေ မိမိရဲ့ Queue Number (လူစောင့်ဆိုင်းမှု အစီအစဉ်နံပါတ်) ပြသပေးမယ့် “Waiting Lobby” ထဲကို အလိုအလျောက် ပို့ဆောင်ပေးသွားမှာပါ။
•အဲဒီအခါ Browser ကို လုံးဝ မပိတ်လိုက်ပါနဲ့။ ဦးသူစနစ်အတိုင်း စာရင်းသွင်းရမယ့် စာမျက်နှာ (Registration Page) ဆီကို System ကနေ အလိုအလျောက် ခေါ်ဆောင်သွားပေးမှာ ဖြစ်ပါတယ်။
၃။ စာရင်းသွင်းရန် လိုအပ်သော အချက်အလက်များ
၁။ မှတ်ပုံတင်/သက်သေခံ နံပါတ်
•မှတ်ပုံတင်မူရင်း သို့မဟုတ် ကျောင်းသားကတ် နံပါတ် (မြန်မာနိုင်ငံသားများအတွက်)
•Passport နံပါတ် (နိုင်ငံခြားသားများအတွက်)
၂။ မှတ်ပုံတင် (သို့) သက်သေခံအထောက်အထားပါအတိုင်း နာမည်အပြည့်အစုံနှင့် မွေးသက္ကရာဇ်
•လုံခြုံရေးအရ စာရင်းသွင်းမယ့်သူဟာ အသက် ၁၅ နှစ်နှင့်အထက် (၂၀၁၁ ခုနှစ် သို့မဟုတ် ၎င်းမတိုင်မီ မွေးဖွားသူ) ဖြစ်ရပါမယ်။ အသက်မပြည့်ပါက System က စာရင်းသွင်းခွင့်ပြုမှာ မဟုတ်ပါဘူး။
၃။ လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်
၄။ အသုံးပြုနေဆဲဖြစ်သော Email လိပ်စာ
၅။ အရေးပေါ် ဆက်သွယ်ရမယ့်သူ၏ နာမည်နှင့် ဖုန်းနံပါတ်
•မိမိရဲ့ ကိုယ်ရေးအချက်အလက် စာမျက်နှာ (Personal Information Page) ကို အတည်မပြုခင် အချက်အလက်တွေ မှန်ကန်မှု ရှိ၊ မရှိ သေချာစစ်ဆေးပေးပါ။ နောက်တစ်ခါ ပြင်ဆင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
•အချက်အလက်အမှား (သို့) မမှန်မကန် ဖြည့်စွက်ထားတာမျိုး တွေ့ရှိပါက ပွဲစီစဉ်သူဘက်က Booking ကို ပယ်ဖျက်ပိုင်ခွင့် ရှိပါတယ်။
၄။ ထိုင်ခုံရွေးချယ်မှု စနစ် (Seat Selection)
•ယခုနှစ်မှာတော့ ပွဲကျင်းပမယ့် ခန်းမ Layout အတိုင်း မိမိတို့ ကြိုက်နှစ်သက်ရာ ထိုင်ခုံနံပါတ်ကို ကိုယ်တိုင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
•ထိုင်ခုံရွေးချယ်မှုကို ၅ မိနစ်အတွင်း အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ၅ မိနစ်ကျော်သွားပါက Session သက်တမ်းကုန်ဆုံးသွားမှာဖြစ်လို့ အစကနေ ပြန်စရမှာ ဖြစ်ပါတယ်။
•ထိုင်ခုံရွေးချယ်တဲ့ စာမျက်နှာမှာ လက်ရှိခုံတွေရဲ့ အခြေအနေကို အရောင်အမျိုးမျိုးနဲ့ Real-time (ချက်ချင်း) မြင်တွေ့ရမှာပါ။ (ခုံအလွတ် / ရွေးထားဆဲခုံ / အတည်ပြုပြီးခုံ ဆိုပြီး ခွဲခြားပြသပေးမယ့် အရောင်အညွှန်းကို ထည့်သွင်းပေးထားပါမယ်။)
•သို့သော် System Update ဖြစ်ဖို့ ၅ စက္ကန့်လောက် ကြာမြင့်နိုင်တာမို့လို့ (ဥပမာ - အသုံးပြုသူတစ်ယောက်က "ခုံအလွတ်" ကို နှိပ်လိုက်တဲ့အခါ တခြားသူတွေရဲ့ Screen မှာ အဲဒီခုံ "ရွေးပြီးသား" ဖြစ်သွားဖို့ ၅ စက္ကန့်လောက် နောက်ကျနိုင်ပါတယ်။) အဲဒီအချိန်အတွင်း တခြားသူကလည်း ဒီခုံကိုပဲ ဝင်နှိပ်မိရင်တော့ စနစ်ထဲမှာ ဦးအောင် နှိပ်နိုင်ခဲ့သူသာ အဲဒီထိုင်ခုံကို ရရှိမှာ ဖြစ်ပါတယ်။
၅။ Booking အတည်ပြုခြင်း
•စာရင်းသွင်းတာ အောင်မြင်သွားပြီဆိုရင် မိမိရဲ့ Booking ID နဲ့ QR Code ပါတဲ့ Confirmation Page ပေါ်လာပါမယ်။ ပွဲနေ့အတွက် အထောက်အထားအဖြစ် ပြနိုင်အောင် အဲဒီစာမျက်နှာကို Screenshot (ဓာတ်ပုံ) ရိုက်သိမ်းထားဖို့ အကြံပြုလိုပါတယ်။
•ပေါ်လာတဲ့ QR Code ကို မိမိဘာသာ ဖုန်းနဲ့ Scan ဖတ်ကြည့်ရင် ဘာအချက်အလက်မှ ပေါ်မှာမဟုတ်ပါဘူး။ ပွဲနေ့ကျမှ ပွဲစီစဉ်သူ (Organizer) ကသာ Scan ဖတ် စစ်ဆေးမှာ ဖြစ်ပါတယ်။
•ဒါ့အပြင် မိမိစာရင်းသွင်းထားတဲ့ Email ထဲကိုလည်း အတည်ပြုချက် Email (Confirmation Email) အလိုအလျောက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
၆။ ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန် တရားဝင် Social Media Channel များကို Follow လုပ်ထားပါ။
•Facebook: Thai Festival in Myanmar
•Facebook: T-Pop Star Challenge, Myanmar
•YouTube: Royal Thai Embassy, Yangon
•YouTube: T-Pop Star Challenge, Myanmar
•TikTok: @thaiembyangon
•Instagram: @thaiembyangon
၇။ပွဲကျင်းပမယ့်နေရာမှာ Ticket ထုတ်ယူခြင်း
၁။Ticket ထုတ်ယူနိုင်မယ့်အချိန်ပွဲရက်များ၏ မနက် ၀၈:၃၀ နာရီ မှ နေ့လယ် ၁၃:၀၀ နာရီအထိ
၂။ယူဆောင်လာရမည့် အရာများ
•မှတ်ပုံတင်မူရင်း သို့မဟုတ် ကျောင်းသားကတ် မူရင်း (မြန်မာနိုင်ငံသားများအတွက်) / Passport မူရင်း (နိုင်ငံခြားသားများအတွက်)
•Confirmation Email သို့မဟုတ် QR Code ပါဝင်သော Booking အတည်ပြုချက် Screenshot (ဓာတ်ပုံ)
•စာရင်းသွင်းစဉ်က အသုံးပြုခဲ့သည့် ဖုန်းနံပါတ်ပါဝင်သော လက်ကိုင်ဖုန်း
၃။ခုံနံပါတ်တွေကို ကြိုတင်ရွေးချယ် သတ်မှတ်ထားပြီးသား ဖြစ်လို့ ပွဲကျင်းပမယ့်နေရာကို စောစောစီးစီး လာရောက်တန်းစီ စောင့်ဆိုင်းနေစရာ မလိုပါ။ မိမိအဆင်ပြေမယ့် အချိန်မှ အေးအေးဆေးဆေး လာရောက်ထုတ်ယူနိုင်ပါတယ်။
၄။နေ့လယ် ၁၃:၀၀ နာရီ အထိ လာရောက်မထုတ်ယူရသေးတဲ့ Ticket Booking တွေကိုတော့ အလိုအလျောက် ဖျက်သိမ်းသွားမှာဖြစ်ပြီး တခြားသူတွေကို ပြန်လည်ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။